Saturday, October 11, 2014

နင့်အတွက်



မတားဆီးတတ် သူပါ ချစ်သူ
လာရင် ကြို
  ပြန်ရင် ငို ဖို့
ငါ့ မှာမှ အသဲ အပိုမရှိတော့တာ
နင်သိလား
ငါ ပျော်ဖို့ဆုတောင်းပေးတဲ့နင့်အတွက်
ငိုခဲ့ရ ဖူးတာ ငါပါ
မကြို ၀ံ့
  မျှော်ခွင့်မရှိ သူ တွက်
နင်ပျော်ဖို့
အတားဆီး ဖြစ် မယ့် သူလို့
ဘယ်တော့မှ
မမှတ်ယူပါ နဲ့
  ပျော်စရာ နင်ရှာတွေ့ရင်
ဒီရင်ခွင် အပိုစခန်းကို
ခဏတာချွေးသိပ်နားခို ဖို့
အသုံး ကျ ခဲ့ယုံ လေး သာ
နင့် အတွက် ငါ
  ပြင်ဆင် ထားပေးတာပါ
သတ်မှတ် ထား ခဲ့တာပါ...
နင် ရယ်....။

No comments: