Friday, October 31, 2014

နာမ်စား စကားလုံး


 
မောင်ရေ
အနာဂါတ်ကို ချစ်ခွင့်ပန်လို့
အတိတ်တစ်စုံကို
အလွမ်းကနုတ်တင်ဖို့
ကြိုးစားနေတာလား
  တွေးခက်လိုက်တာ
အသင်္ချေ ညတွေ ကို
ညင်သာစွာ
ကမ္မည်းတင်လို့
အမုန်း စာစီခဲ့ချိန်က
စက္ကန့်တွေ မှားယွင်း
နာရီတွေ ရိုက်ချိုးလို့
တစ္စေတစ်ကောင်အစွမ်းနဲ့
ကိုယ့်ကိုယ်ကို ၀ါးမြို ကိုက်စား

နေ့နဲ့ည မှားယွင်းခြင်းမှာ
  နှလုံးသွေး နဲ့အသက်ဆက် ခဲ့သူ
ထပ်တစ်ခါ မခေါ်ချင်တဲ့
ပုပ်အက်အက်ညဆီ
တစ်ခြမ်းပဲ့အသဲကို
သုံးဆောင်ဖဲ့ခြွေ ဖို့
  သွေးဆာတဲ့အကြည့်ရိုင်း ကနေ

ရှောင်ထွက်ပြေးခွင့်ပြု ပါ
ရက်လည်ကာစ
ည တမလွန် ကို
အသက်သွင်းမယ့်အတွေးဆိုးနဲ့

ပြန်လာခွင့် မပြု နိုင်သူ ကို
ရက်စက် သူတစ်ဖြစ်လဲ
ထပ်တူ အရှုံး နဲ့
နာမ်စား စကားလုံး အတုကို
အတိတ် အမုန်းကြားက   နေ

ပြန်လည် ယူဆောင်သွား ပေးပါ...။
 

No comments: