Saturday, October 11, 2014

တိမ်မှ တဆင့်




စိမ်းစို ရွက်ပြောင်း
မိုးကုန် နှောင်းတော့မယ် ချစ်သူ
  နှင်းငွေ့သက်ဆင်း
  ဟေမာန် ဧည့် ရင်း
  ထွေးပွေ့ဖက် ထား
ကိုယ့်ကိုယ်များ လွမ်း နေမလားရယ်

တိမ် စိုင် တစ်ရွေ့
လွမ်း သရွေ့ ကို
မိုး ပြေး ဆောင်နှင်း
တိမ်လွင့် ခရီး
ညွှန်း ဆို လို ငြား
ချစ် သူ ထံ များ
ကိုယ် မှာ ကြား ပရစေ....

  ရွေ့ လျား တိမ် လိပ်
  ကောင်းကင်အရိပ်
ထင်ဟတ် မြင်ရင်
လွမ်း စိတ်ကယ်ပို
ချစ် သမျှ အကုန်
မှာခြွေ ပြောသမျှ
တိမ် ငို ပြ ရင်
နားဆင် ပေး ပါ ချစ် သူ.....။

No comments: