Saturday, October 11, 2014

မင်းလေး



မင်းလေးက သိပ်ကျွမ်းတယ်
တစ်နေရာစာ
မ၀င်ရောက်ပါပဲ
လူမမြင်အောင်
တစ်ချက်ချင်း လှမ်းတယ်
ခဏတစ်ဖြုတ်
လွမ်းမိတော့မယ်
မ  စ ပါနဲ့လား
မခေါ်ပါနဲ့လား
  ပြီးတော့
  ပြန်ထွက်မသွားပါနဲ့လား
  တောင်းဆိုတယ်
တစ်ခါတစ်ခါ
ဘယ်လို လေးများလဲ
ဘယ်လို ဟန်လေးလဲ
ပီတိတွေ ပေးတဲ့
ချစ်ခြင်း တွေ ရှိတဲ့
မင်းလေး ကို သိချင်မိတယ်
ဒါပေမယ့်
ဒါပေမယ့်
မမြင်ရတဲ့
စိတ်ကူးလေးထဲမှာပဲ
ချစ်စရာတွေ
ဖန်တီး
အခုလိုလေး ပဲ ကောင်းပါတယ်...။

No comments: