Friday, October 31, 2014

ဆရာကြီး ဦးအောင်သင်း ( သို့ ) စာပေလောကရဲ့သူရဲကောင်း




အဖိုးတန်ပန်းတစ်ပွင့် ၊ စာပေလောကရဲ့သူရဲကောင်း တစ်ဦး ၊ စာပေရဲ့ဖိုက်တာကြီးတစ်ပါး
  ကြွေလွင့်ပျက်ပြယ်သွားပြီ…..
ဆရာကြီးဦးအောင်သင်း ဆုံးသွားတယ်ဆိုတဲ့သတင်းကြားတော့နှမြောတသစိတ်ဖြစ်မိတာနဲ့
ဆရာကြီးရဲ့ စာပေလောကပေါ်မှာထားတဲ့စိတ်၊ စေတနာ၊ဂရုဏာတွေကို ပြန်ကြား
  ယောင်မိပါတယ်၊ လူသေပေမယ့်နာမည်မသေတဲ့စာပေသမားတွေရဲ့မွန်မြတ်လှတဲ့
လုပ်ရပ်တွေကြောင့်ဆရာကြီးရဲ့နာမည်ဂုဏ်သတင်းဟာလည်းလူတွေရဲ့ရင်ထဲမှာ
ရှင်သန်ကျန်ရစ်နေခဲ့ပြီးသားပါ….

ဆရာကြီးပြောဟောသွားတဲ့ အကြောင်းအရာများအနက် ၊ ‘ ‘ လက်ခံ လိုက်ပါ ’’
ဆိုတဲ့ ခေါင်းစဉ်နဲ့ဟောကြားချက်တွေကို အနှစ်သက်ဆုံးပါ၊
အဲဒီထဲကတစ်ချို့ကိုပြန်လည်ရေးသားလိုက်ပါတယ်.....
ရုပ်ချောတဲ့သူနဲ့ရုပ်ဆိုးတဲ့သူအကြောင်းလေးပါ၊လက်ခံနိုင်ဖို့၊ကြိုးစားဖို့ပတ်သက်ပြီး…
ရုပ်ချောတဲ့သူဟာလောကကြီးက သူ့ကိုအလွယ်တကူထွေးပွေ့လိုက်လို့လောကကြီးရဲ့
မျက်နှာကိုမမြင်လိုက်ရပါဘူး၊ ရုပ်ဆိုးတဲ့သူက ဖြင့် လောကကြီးထဲအလွယ်တကူဝင်ခွင့်မရလို့လောကကြီးရဲ့
မျက်နှာကိုမြင်ခွင့်ရလိုက်ပါတယ်၊ ဒါနဲ့လောကကြီးကလက်ခံလာအောင်ကြိုးစားရင်း
ထူးချွန်တဲ့သူတွေဖြစ်လာပါတော့တယ်၊ ကျောင်းမတက်နိုင်ဘူးလား၊ လက်ခံလိုက်ပါ၊၀မ်းမနည်းပါနဲ့၊ကိုယ့်ကိုယ်ကို
သနားစရာအဖြစ်မမြင်ပါနဲ့သနားနေမယ့်အစားသေလိုက်တာမှပိုကောင်းပါလိမ့်မယ်...
သစ်သားချောင်းပေါ်မှာသံချွန်တစ်ချောင်းရိုက်ထည့်လိုက်သလို
သံချွန်ဝင်ဖို့သစ်သားကနေရာပေးလိုက်ရတယ်၊ ပွန်းပဲ့သွားတယ်ပေါ့ ၊ အဓိက ကတော့ပျော့ညံ့ရင်အရှုံးပေးရမယ်၊မာတဲ့သူကနေရာရသွားတာ
ပါပဲ၊

ဆင်းရဲရင်လက်ခံလိုက်ပါ၊ရုပ်ဆိုးရင်လက်ခံလိုက်ပါ၊ကျောင်းမနေရရင်
ပကတိအခြေနေကိုလက်ခံလိုက်ပါ၊ညံ့တာကိုဘယ်လိုတော်
  အောင်လုပ်မလဲ၊တတ်အောင်လုပ်မလဲအဲဒါကိုမှသတ္တိလို့ခေါ်ပါတယ်
၊စာခိုးချပြီးလဘ်ထိုးပြီးစာမေးပွဲအောင်တဲ့သူဟာပကတိအခြေနေကိုလက်မခံလို့ သူဟာဟန်သမား သူများခိုင်းတာခံရမယ့်သူပဲဖြစ်သွားမှာပါ၊

‘ ကိုယ့်ကိုယ်ကို မခိုင်းရင် သူများခိုင်းတာခံရမယ် ’’

ဒေါက်တာကျော်စိန် ရေးတ‘ဲ့ ‘သင့်ဘ၀အသက်တာအသုံးချ စိတ်ပညာ ’’စာအုပ်မှာ
 ‘ အစားထိုးအောင်မြင်မှု ’’ နဲ့ပတ်သက်ပြီး...မင်းဟာတစ်စုံတစ်ခုသောအကြောင်းကြောင်းကြောင့်
မအောင်မြင်နိုင်ဘူးဆိုရင် ၊ အစားထိုးပြီးအောင်မြင်နိုင်စရာတွေအများကြီးရှိပါတယ်၊
အသံမကောင်းလို့အဆိုတော်မဖြစ်နိုင်ရင်၊အောင်မြင်တဲ့တေးရေးဆရာ၊အောင်မြင်တဲ့ဂီတပညာရှင်
တစ်ဦးဦး ဖြစ်နိုင်ပါတယ်၊အစားထိုးအောင်မြင်စရာတွေနေရာအများကြီးမှာရှိပါတယ်....
‘ အဖက်ဖက်မှာကြိုးစားချင်ရင် နေရာတကာမှာ တံခါးတွေ အများကြီးပါ ’’

 ယောအတွင်းဝန်ဦးဖိုးလှိုင်ကို မင်းတုန်းမင်းကြီးက မေးခဲ့သလို
မင်းတုန်းမင်းက ‘ ဖိုးလှိုင် လောကမှာ မရှိတာထက် ၊ မသိတာခက်ဆိုတာရှိတယ်၊မသိတာထက်
ခက်တဲ့အရာရှိသေးလား ’’ လို့မေးတော ဦးဖိုးလှိုင်က… ‘ရှိပါတယ်အရှင်မင်းကြီး မလုပ်တာပါ ’’
မရှိတာက ရှိအောင်လုပ်ရင်၊ ရှိတယ်၊ မသိတာကသိအောင်လုပ်ရင် သိတယ်၊မလုပ်တာကတော့
ဘာမှမဖြစ်နိုင်တော့ပါဘူး ဘုရား ’’ လို့ပြန်ဖြေလို့သဘောတော်တွေ့တာနဲ့ မင်းတုန်းမင်းကြီးရဲ့လက်စွပ်တော်ကိုချီုးမြှင့် ခြင်းခံရပါတယ်၊

မသိတာထက်မရှိတာထက်မလုပ်တာဟာအဆိုးဆုံးပါပဲ ၊

လုပ်မှရမှာပါ အောင်မြင်မှာပါ၊ နေရာရမှာပါ.....
ကမ္ဘာကျော်ပညာရှိကြီးဆိုကရေးတီးဆိုရင်အင်မတန်မှရုပ်ဆိုးပါတယ်၊
သူဟာအစားထိုးအောင်မြင်မှုနဲ့နာမည်ကျော်ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးဖြစ်အောင်
စွမ်းဆောင်နိုင်ခဲ့ပါတယ်၊ယနေ့ခေတ်ကမ္ဘာကြီးကို ပြုပြင်ပြောင်းလဲနေတဲ့သူအများစုဟာ
ရုပ်ဆိုးတဲ့သူတွေများပါတယ်၊လောကကြီးကလက်ခံဖို့
ကြိုးစားရင်းနဲ့နေရာကောင်းတွေ မှာသူတို့ရဲ့မှတ်တိုင်တွေစိုက်ထူကြတာပါ၊အဓိက ကတော့ရုပ်ဆိုးတာပဲဖြစ်ဖြစ် ဆင်းရဲတာပဲဖြစ်ဖြစ်လက်ခံပြီး အကောင်းဆုံးအသက်ရှင်
  နေထိုင်သွားဖို့ပါပဲ....
အချိန်နဲ့ဘ၀ဟာတွယ်ဆက်ထားတာပါ၊ ဘ၀ကိုတန်ဖိုးထားရင်
အချိန်ကိုလည်းတန်ဖိုးထားပါ ….လို့ဆရာကြီးရဲ့ လက်ခံလိုက်ပါ ဆိုတဲ့ခေါင်းစဉ်အောက်က
  ဟောကြားချက်တစ်ချို့ကိုဝမ်းနည်းခြင်းအထိမ်းမှတ်အနေနဲ့ ပြန်လည်ရေးသားလိုက်ပါတယ်၊။

No comments: