Saturday, October 11, 2014

လောကဒဏ်




မငိုနဲ့လို့ ပြောရှာ သူမှာ
မျက်ရည်နဲ့ မိတ် ဆွေဖွဲ့ဖူးတာ
အားတင်းထားလို့ အားပေးသူမှာ
အားငယ် စရာ အဖြစ်ပျက်တွေ နဲ့
အမြဲ ရင်ဆိုင် ရှုံးနိမ့်ခဲ့ ဖူး တာပါ
အရှုံးမပေးနဲ့ လို့ ပြောနေပေမယ့်
အရှုံး များစွာနဲ့ နပန်းလုံး နေရတာပါ
သီးခံပါလို့ ပြောရပေမယ့်
  ဒေါသ ရှေ့ထား အမြဲလို မှားဖူးတာပါ
ရင်ဆိုင်လိုက်ပါ ဆိုပေမယ့်
ကိုယ် ကိုယ်တိုင်လည်း ရှောင်လွှဲဖူးတာ အခါခါ
ကြိုး စား ပါ လို့ ပြောရပေမယ့်
အားလျော့ နွမ်းလျ ပျော့ညံ့ ခဲ့ဖူး တဲ့ သူ ပါ
အမှန်တရား ကို အမြဲလက်ခံထားပေမယ့်
တစ်ခါတစ်လေ ...ဘုရားသခင်ကို ပါ
  မေးခွန်းထုတ်တတ်တဲ့သူ ပါ
ဒါပေမယ့် လည်း
သူငယ်ချင်းရယ်
လူ ဆိုတဲ့ သဘာဝ
အမှားများစွာ သံသရာမှာ
အမှန်နဲ့စစ်ခင်းရင်း
  ဖြူ စင်မှု ကို လျစ်လျူ ရှု ထားသူတွေပါ
အမှန်တရားကို မြတ်နိုးပေမယ့်
မလွဲမရှောင်သာ
လွှဲမှားခြင်း မှာ
ကိုယ့်ကိုယ်ကို အာပတ်ဖြေ
အယောင်ဆောင် ကျေ နပ် နေကြတာပါ

မသေခြာ တာကို
အဖြေ မရှာပါပဲ
  ပြီးဆုံးခြင်း တစ်နေ့
  ရောက်လာလိမ့် မှာ ဓမ္မတာ
  လောကဒဏ်ဆိုတာ ဧည့်သည် သာ
သူပြန်သွားရင်
  ပျော်စရာကျန်ရစ်လို့
လွန်မြောက်ခြင်း တစ်နေ့မှာ
မင်း သာသိတဲ့ ပီတိတွေ အပြည့်နဲ့
  နောက်တစ်ခါ ဒီဧည့်သည်ကို
ငါ့လိုပဲ ခံနိုင်ရည် အပြည့်
မင်း...ခေါ်ဖိတ် နိုင် မှာပါ သူငယ်ချင်း..  ရာ....။

No comments: