Wednesday, October 8, 2014

မှန်ကန်ခြင်းထဲ မှာ






ခေတ်တစ်ခုကို
ခါးစောင်းတင်
အမှားမှန် မသိချင်နဲ့
သူငယ်ချင်း....
လည်သလိုလုပ်စား
ကြုံ ရာတက်နဲ့လှော်
အများယောင်လို့ယောင်
မယောင်ရာ ဆီလူး
  လှေမျောကမ်းတင်
  မြေနိမ့်လှံ စိုက်
  ရေနစ်သူ ၀ါးကူထိုး
ကမ်းနားသစ်ပင်
ဟန်တစ်တင်းနဲ့
မာန်တင်း တဲ့ ခေတ်
ဖွတ်မိကျောင်းဖြစ်
  မြစ်မချမ်းသာ တဲ့
ဒီ လောကကြီးမှာ
မတရားမှု တွေ
မှိုလို ပေါက်
မသမာ လောဘနဲ့
ကြီးပွားချင်ကြတဲ့
  လောဘသားတွေကြားမှာ
အမှန်တရားတွက်ရပ်တည်ရတာ
ရိုးသားမှု တွက် ခေါင်းငုံခံရတာ

အတုန့်လှည့်သဘောကို
နားလည်ယုံကြည်ရင်း
ဘယ်လောက်များများ
  ပေးဆပ်ပြီး ပြီလဲ

ဘယ်လောက်များများ
နစ်နာခဲ့ပြီလဲ
ဘယ်လောက်များများ
ငိုခဲ့ဖူးပြီလဲ
မသိခြင်းများစွာမှာ
အဖြေမှန်မရှာနဲ့
တရား သူကြီး ဆိုတာ
  ကောင်းကင်မှာရှိတယ်
မှန်ကန်ခြင်းထဲမှာ သာ
မင်း...အသက်ရှင် သွားပါ သူငယ်ချင်း...။

1 comment:

ခဂ္ဂါ(ရု ပ္ကဆိုး) said...

ကောင်းလိုက်တာ...
ကျွန်တော်ရေးချင်တဲ့စကားလုံးတွေတော့ကုန်ပါပြီ ကုန်ပါပြီ...:-P