Wednesday, October 8, 2014

ဝ လုံး လေးများ



တပည့်မရှား
တစ်ပြားမရှိ
ပီတိကိုစား
အားရှိပါ၏


ဝ လုံးကလေး
ဝိုင်းဝိုင်းစက်
တပည့် လေးများ
စာအံကျက်
သင်အံပို့ချ
တတ်သိသမျှ
ပီတိရွှန်းမြ
ဆရာ့ဘဝ

ဝ လုံး လေးရဲ့
ဘ၀ငယ်
လမင်းလေး တစ်မျှ
  ဖြစ်ဖို့ရွယ်
ဝိုင်းစက် လှပ
ညီစေ သမျှ
အစ ကောင်းဖို့
စနစ်ပြ

ဝ..၀ လေး ၀ိုင်းဝိုင်းရေး
လ ...လ ကလေး
ရွှန်းမြ ထွေး

ပီတိလွှမ်းတဲ့
စိတ်ဘ၀င်
  မြင်ကြည့်လှမ်းလို့
ရှု မမြင်

 မပီကလာ ထွေလီအပြော
ဘယ်မမြင်နိုင် စရာ
ရင်မှာ ပီတိ ဇော
က... ကလေးငယ်
ဝ ...ကလေး သဖွယ်
လ... ကလေး ရယ်
ထွန်းညှိ ထား
ဆရာ့ ရင်မှာ
ရွှန်း ဝေ သွား
ဆရာချစ်သော
ဝလုံး....က လေး များ ...။

2 comments:

ခဂ္ဂါ(ရု ပ္ကဆိုး) said...

ကျောင်းသင်ကဗျာအဖြစ်တောင်ထည့်ပြီး သင်ရလောက်
အောင်ကောင်းတယ် အစ်မရေ...

Unknown said...

thanks alot little bro..!