Friday, October 31, 2014

မေတ္တာ


 

အိမ်တွင်း မေတ္တာ
အပြင်ကမ္ဘာ
  ဆောင်ယူ အချစ်
  မေတ္တာစစ်


တွေ့ဆုံသမျှ
လူတကာ
  မေတ္တာ စိတ်နဲ့ ကြည့်
  မေတ္တာလက်နက်
အစွမ်းထက်
  ဆောင်ပါ အမြဲ သင့်
ကိုယ်နှင့်စပ်ဆိုင်
ချင့်ချိန် မှန်
ကိုယ့်ကိုယ်ကဲ့သို့ ချစ်
  မေတ္တာ ခြုံ ထား
လုံစေသား
စိတ် မှာ အစဉ် သိ

တွေ့ဆုံခဏ
လူ့ဘဝ
  မေတ္တာအစွမ်းဖြင့်
  ပြောဆိုပြုမူ
ကြံစည်မှ
လူပီသ မယ့် အစစ်
စာနာစိတ်နဲ့ ချစ်
  မေတ္တာ လက်ကမ်းဆင့်
  အေးချမ်း လိမ့်မယ့်အဖြစ်....။

No comments: