Wednesday, October 1, 2014

မူးသည့် ည

 
မသောက်ပဲမူး သည့် မနက်
တစ်ယောက်ထဲ ရှုး သည့်ရက်
သန်းခေါင်မှာ စစ်ခင်း

အိပ်မပျော် ရ ခြင်း
သူနိုင်ကိုယ် မရှုံး
ညီမျှ တဲ့ တစ်ညမှာ
မရေရာ ခြင်းတစ်ခု
ဆွဲငင် ယူ ထည့်လို့
ညကို စိန်ခေါ်မိတယ်

မိုက်မဲ ခြင်းကို
အရင်ခေါ် နိုး
မူးယစ်ခြင်း မှာ
ညကိုလွန်လို့
ရင်မှာဖြစ်တဲ့
  သေရည် တစ်စက်နဲ့
အမှောင်မှာ ယစ်မူး မိတယ်
ရင်ခမ်းခြောက်မှ
အမူးဒီဂရီမြှင့်တက်
ဘယ်လို အိပ်ပျော် လေတယ်
မိုးသောက် ဒီမနက်

မူး ဆိပ်တက်
ရှုး သူရဲ့ အပြစ် ပါ ပဲ.....။

2 comments:

မဒမ်ကိုး said...

ဖတ်ရင်းမူး မူး မူး

Unknown said...

မူးလို့ကောင်းတုန်းဘာပဲ