Wednesday, October 8, 2014

နှောင်ဖွဲ့ခြင်းရဲ့ အဝေး



နားလည်မှု တွေနဲ့
  ဖြည့်ဆည်းခဲ့ချိန်တွေ သာ
မင်း အမှတ်ရမယ် ဆိုရင်
ရက်စက်လေခြင်းလို့
ကင်ပွန်းမတပ် သင့်ပါဘူး လေ
တစ်ချိန် တစ်ခါ က
မတူညီမှု တွေကို
သီးခံခွင့်လွှတ်
နင်ဟာ ငါ့ရဲ့ ကမ္ဘာတစ်ခုလို့
စွဲမှတ်ယုံကြည်
  ဖြည့်ဆည်းခဲ့ဖူးတာတွေ

မြင်ယောင်တွေးမိ ရင်
လုပ်ရက်လေခြင်းလို့များ
မတွေးဆ လေနဲ့ နော်
အချစ်တစ်ခု ကို
ပျက်ရယ်ပြု ခံရချိန်
အချစ်တစ်ခုကို
စွဲမှတ်ယုံကြည် မိတဲ့ အချိန်
အနားက တွန်းထုတ်
ငါ ဟာ တစ်ကယ့်
အရှုပ်ထုတ်တစ်ခုလို
မင်း ဘရုတ်ကျ ခဲ့ချိန်မှာ
သက်ရှိကမ္ဘာမှာ
ဝိညာဉ် မဲ့ သူပမာ

ဖြစ်ခဲ့ဖူး သူ ပါ
စုန်းကဝေ အတတ်နဲ့
အမုန်း ဂါထာတွေ
မန်းမှုတ်ခဲ့တဲ့နင်
မသေလို့ကျန်တဲ့
လူ သားတစ်ဦးကို
  နှောင်ဖွဲ့ခြင်း သံကွန်ချာ ထဲကနေ
လွတ်မြောက်ခွင့် ပေးလိုက်ပါ
ခွင့်လွှတ်ခြင်း
  တောင်းဆိုမှု တွေ
ငါ...မခံယူချင် တော့လို့ပါ....။

No comments: