Wednesday, October 8, 2014

ဒီလို ည



မင်း ကိုလွမ်းလို့
  တေး ဆို ဖို့
ကိုယ့် ဂီတာပျို
ငိုနေပြီ

မင်းကို တမ်းတ
ဒီတစ်ည
ဂီတာ လေးက
မှိုင်ဆွေး ရီ

မင်းမရှိမှ
ဒီ လို ည
လ... လေးကလည်း
သာလွန်းပြီ

အဖော်မပါ
ဒီရင်....ဟာ
ဂီတာလေး ပါ
ကြိုး ...မညီ
ကိုယ်တီးခတ်ဖို့
သံစဉ်တစ်ချို့ 
ဘယ်လိုချော့လို့
သံစုံ မ ပီ

လှ လွန်းလှတဲ့
လ သာ ည
ကာရံပျောက်ကာ
  တေးမညီ

ဂီတာကိုင်ကာ
  မျှော်ရည်ဆွေး
အတူ ဆုံတွေ့မယ့်
ဒီလို ...ည တစ်ညဆီ။

No comments: