Friday, October 31, 2014

အချစ် (သို့မဟုတ်)


 
ညင်သာညွတ်ပြောင်း
စိမ့်စီး စမ်းချောင်း
  အေးစက်နှုးညံ့
  ကွေ့ဝိုက်သွယ်လျက်
စီးဆင်း ပြီ ကော
အချစ်ရှိသော တစ်နေရာ

  နှလုံးသားထဲ
  လေညင်းသွဲ့
တိုးဝှေ့ခဲ့
ရင်တစ်ခက် ဆီ
လှုပ်သဲ့သဲ့
ယိမ်းခတ်ခတ်
ကြည်နှုးမှုအဆိပ်တက်
ကြင်နာမှု မှာ
အနမ်းဆက်
အလွမ်းတစ်ပွင့်
အခန့်မသင့်ကြွေ
စမ်းစီးသံ ကြား
ရင်တေး စကား
အချစ်တစ်ခုမွေးဖွားခဲ့ပြီလား
မသေခြာ...။

No comments: