Wednesday, October 8, 2014

အိုင်တီ ချစ်သူ




ရပ်စောင့်ရင်း
ငုတ်တုတ်မေ့
ဘယ်တစ်ယောက်နဲ့
လွင့်နေလဲ
  တော်ကီတွေ
လာမပစ်နဲ့
ဒါ အိုင်တီခေတ်
လိမ် လိုက် ကျိန်လိုက်
တစ်ခုမှ
ငါ ဂရုမစိုက်
မမြင်ရတဲ့
  လေ ထဲမှာ
အလိုက်သင့်
ယိမ်းလှုပ်လိုက်
  အေးစက်စက်
လုပ်ရပ်တွေ
  ရေခဲပြတိုက်မှာ
  အေးခဲ ထား လိုက်
မာယာတွေ
ဒိတ်လွန်သွားမှ
အိတ်သွန် ဖာမှောက်
ချစ် ပြ ဖို့ တတ်
  တော်သင့်ပြီ
ဆရာမကျ နဲ့
အထာမကျ ခင်
ခပ်မြန်မြန် ဒိုးလိုက်
ငါ့ဆီမှာ
လုပ်ဇာတ် အဟောင်းတွေ

ကွန်ပြူ တာမှာ
ဖိုင် ပြည့်ကြပ်
Save မှတ်ထားပြီး
ထပ် တစ်ခါရစ် ရင်
ငါ တစ်ကယ်
Delete လုပ်
Recycle Bin ထဲ အကုန်ထည့်
ရှင်းထည့်ပစ် မယ် မှတ်...။

No comments: