Wednesday, October 8, 2014

မပိုင်ခြင်း ထဲမှာ


 
ဟန်ဆောင်အပြုံး
မာန်ထောင် အသုံး
ရန်စောင် အကြည့်များ
ချန်ထားကွယ်

တစ်ရက် ပို ချစ်
အသက် အပို မဖြစ်
အမြဲ လို ချစ် ဖို့
ကြိုးစားမယ်

မပိုင်တဲ့အသက်
အပိုင် တစ်ရက်တွက်
အကောင်းဆုံး ဖြစ်အောင်
  နေ စို့ ရယ်

အားနည်းအားသာ
များ သူ ငှာ
  မေတ္တာတရားနဲ့
တိုင်းတာမယ်

စိတ်လှ ထုတ်သုံး
တစ်သက်လုံး
အမြတ်ဆုံးမို့
  မွေး စို့ ကွယ်

မျက်စိတစ်မှိတ်
လျှပ်တပြက်
  ပြောင်းလဲခြင်းမှာ
  ကောင်းခြင်း ပါအောင်
ဒီကနေ့ မှာပဲ
လုပ်ဆောင်ကြမယ်.
..။

No comments: