Saturday, October 11, 2014

မိုးမှ ဆောင်း သို့



တိမ်ညို ပုန်း မှီ
ဝသန် ဆုးံပြီ

နေခြည် နုထွေး
  ဆောင်းရနံ့မွှေး
ရှုရိုက် ပျော်ဝင်
မိုး ငွေ့ စင်
တိမ် စိုင် ပြေးလွှား
  ကောင်းကင် ကြား
ပုန်းရာမမြင်
  ဆောင်းသက်ရင်
  နှင်းငွေ့ မိုး ငွေ့
  ထွေးရော ၍
မိုးလို ဆောင်းလို
  မြူ ခို ပြီ
  နေခြည်ပြပြ
  ဆောင်း လှလှ
မိုးရနံ့ ထုံအီ
လွမ်း ချက်ညီ
ဝသန် ၊ ဟေမာန်
လှချက် ပြိုင်
မျှ ချက် မြိုင် တဲ့
ဒီရာသီ
စာဆို မရ
ထိုင်ငို လှ

ဘယ်လိုမှရယ်
  ရေးမမှီ
မိုးစက် အရှဲ
  နှင်း အဖွဲ
  အေးစက်ခြင်းမှာ
ဆန်းသစ် ပြီ
  ဆောင်းငွေ့ အေးအေး
မိုး ပြေး ပြေး
ဥတုပြောင်း လီ....
လွမ်းဆွတ် ဘယ်ဆီ
မိုး မှ ဆောင်း သို့ ရည်...။

No comments: