Wednesday, October 8, 2014

ယောင်




သိနေပါတယ်
သိခဲ့ပါတယ်
အမြင်မတော်တာတွေ

ရင်ခုန်သံတွေ
  ဇောက်ထိုးကျ
အစီစဉ်မကျ တာ
နင်ပေးဖူးတဲ့
အကြင်နာအတုယောင်
ငါ ဆိုတဲ့သူက
အလိုက်မသိယောင်
နင်ဟာ တစ်ကယ်ဆို
ဟိုယောင်ယောင်
ဒီယောင်ယောင်
ငါ့အနားလာပြီး
ချစ်စရာချွဲ ပြော
ထင်သလို မဟုတ်တော့
  ဂျောင်း... ချင်သယောင်
ဒိုး... ချင်သယောင်

နင့်ကိုငါ
မမုန်းချင်တာမို့
မသိချင်ယောင်

ယောင်ခြောက်ဆယ်
ဒီဇာတ်ရှုပ်

ယောင် လည်လည်
မအီမလည်
နင်ဟာ တစ်ကယ်
တတ်ပဲ တတ်နိုင်လွန်းတယ်
ရင်ခုန်သံ ဂျွန်းပစ်ကျ မှ

နာမှန်းသိမယ့်
  ယောင်တောင်တောင်
နင့်လိုလူကို
ချစ်မိခဲ့တဲ့
ငါ ပါ ...ရှုး ချင်သယောင်.....။

No comments: