Wednesday, October 8, 2014

လူ





ဘာသာမတူပေမယ့်
ခံယူချက် တူညီတယ်
လူမျိုးမတူပေမယ့်

ခံစားချက် ချင်းတူတယ်
အသားရောင် မတူပေမယ့်
အသွားအပြန် သဘော
  မေတ္တာအကြောင်းနားလည်တယ်
သူလည်း ခံစားတယ်
ကိုယ် လည်း ဝေမျှ ယူတယ်
သူလည်း နာကျင် တတ်တယ်
ကိုယ် လည်း ကြင်နာ တတ်တယ်
သူလည်း သနားတတ်တယ်
ကိုယ်လည်း နှစ်သိမ့်တတ်တယ်
သူလည်း အားနည်းတတ်တယ်
ကိုယ်လည်း ချို့ယွင်းချက်ရှိတယ်

သူလည်း ပျော်ရွှင်တတ်တယ်
ကိုယ် လည်း ဖော်ရွှေ မှု ရှိတယ်
သူလည်း သွေးသားနဲ့လူ
ကိုယ်လည်း နှလုံးသား နဲ့လူ
ဘာသာချင်း မတူ
အမြင်ချင်း မတူ
လူမျိုးချင်းမတူ

ဒါပေမယ့်
ခံစားချက်
ခံယူချက် တူ

ငိုတတ် ၊ ရယ်တတ် တဲ့ လူ
လူ ဆိုတဲ့ လူ
သဘောထားတူ
လူထဲက လူ
လူ ဟာ လူ ပါပဲ... လူ..။

No comments: