မိသားစုရဲ့ အရသာ
ကြင်နာဖေးမ
စာနာမှု များရဲ့အဝေးမှာ
ခန္ဓာအားနည်း
နာမကျ န်း ဖြစ်တဲ့အခါ
အားငယ် ဒီစိတ်
ကြိတ်မှိတ်မြို သိပ်
အခန်းထောင့် တစ်နေရာ
ဝေဒနာ ရယ် အဖော်လား
နာကျင်မှု များစွာ
ဆေးအသက်
ရက်ဆက်ရှင်
သဲ့သဲ့ ကျ န်ရစ်ပြီလား
တစ်ခါတစ်ရံ
ကယောင်ချောက်ခြား
နေ့ညများ မှာ
အိပ် ...ရာ မှ .. နိုး
လန့်ဟစ်အော်မိ
သန်းခေါင်ယံ များ စွာ
ဖော်ဝေးကွာ
အိမ် အဝေးမှာ
ဖေဖေ့ မေတ္တာ
တမ်းတမိခါ
အဖျားရက်ဆက်
အနေခက်
မေမေ့ ရဲ့စိတ်ပူတဲ့ အမူယာ
ရင်ခွင် ပိုက်ထွေး
ခလေးငယ် လေးဘဝ
ချိန် ခဏ တစ်မျှ
ပြန်ရချင် မိတာ
ဖေဖေ့ရဲ့အဝေး
မေမေ့ရဲ့ အနွေး
ကင်း ဝေးပြီ လား
ဖျားချိန်တစ်ခဏ မှာ
ဒီတစ်ည လွန်ရင်
နာကျ င်မှု အဆုံးသတ်
အဖျားပြတ်ဖို့
ဆုတောင်းရင်းအိပ်စက်
တုန်ရီ ခဲ့ သော
ဒီ တစ်နေ့တာ....။
No comments:
Post a Comment