Saturday, October 11, 2014

လှိုင်း



အမုန်း ကမ်းစပ်
အပြုံး လှိုင်းရပ် အောင်
တားဆီးတတ်သူ ရေ
အချစ် သောင်ကမ်း မှာ
အလွမ်း လေ လှိုင်း ပုတ်ခတ်
တမ်းတခြင်းတွေ
  ဘောင်ဘင်ခတ် ချိန်
တည်ငြိမ် ဖူးတဲ့
  ရေ ပြင် တစ်ခုလို
အချစ် တစ်ခု ရှိခဲ့ဖူးတယ်
တစ်ခါ ဆီက ပေါ့
လှိုင်း ရေ အတက်ကျ မှာ
အချစ် တွေ ပါ
စုန် ဆန် မျော ရင်း
အလွမ်း ၀ဲဂရက်ထဲ
ချာချာ လည်
မူး ခဲ့ ဖူးသူ
ဒီလှိုင်း ရဲ့အထာ သဘော
မာယာ တောမှာ

မျောပါရင်း မူး
လှိုင်း လေ ရှုး မှာ
အချစ်တစ်ခု
စုန်းစုန်း မြှပ် ကျ န်ခဲ့ လေ သလား
မသိခဲ့ သော ခါချိန် နှောင်း မှာ
ကမ်းမမြင် မှောင်အတိဖုံ့းတဲ့
အမုန်း သောင်ပြင်စွန်းမှာ
ဒဏ်ရာ တစ်စွန်းတစ်စ
တင်ကျန် ရစ်ခဲ့ တာ
လှိုင်းငြိမ်မှ သိခဲ့သူ အဖြစ်

ကိုယ့် အပြစ်ပဲ ဖြစ်ရပြီ ပေါ့ကွယ်….။

2 comments:

မဒမ်ကိုး said...

ခံစားချက်လေးတွေလာဖတ်သွားပါတယ်

Unknown said...

thanks alot