Saturday, October 11, 2014

မရေး ချင် သော




ငြိမ်းချမ်းရေးကို
ကလောင်သွေးပြီး
  ရေး ချင်စိတ် ကုန် ပြီ
ဒီမှာ ဟိုမှာ
  နေရာတကာ
တဲ နန်းက
ဝမ်း တစ်နပ်စာပိုင်တဲ့
သူဋ္ဌေးလောင်းတွေ

မြေ မွှေ့ယာမှာ
တစ်ဆင့် နေရာနိမ့်အောင်
သူတို့ တွေကို နှင်နေကြပြီ
ငိုကြပြီ
ဟစ်ကြပြန်ပြီ
  ပြေး ကြ ပြန်ပြီ
တိုက်ပေါ်မှာ
တစ်နပ်စာတွက်
  ဟော်တယ်ထွက်စားသူတွေ ကြ
ဘယ်အတ္တ ဘောကများ
  နှင်ထုတ် ဖို့
စိတ်တွေးရှိရဲ့လား
သူဋ္ဌေးစက်လှေဘယ်လိုမှောက် တာလောက်
သူတောင်းစားခွက်ပျောက်တာ အရေးကြီးမှာလား
သူတို့တွေ ခေါင်းစဉ်တပ်တဲ့
စစ်ဆိုတဲ့လုပ်ရပ်မှာ
ဆင်းရဲသားကျောမွဲတွေ က
တံတားခင်းပေးရ အုံးမှာလား

လုပ်ရက်ပေ့
မညှာတာ
စစ်ဆိုတာ ဒီလိုလား
လက်နက် = လက်နက်
ချိန်ပစ်ကြရင်
  ဝေး လံသီခေါင်တဲ့
  တောတောင်မှာပစ်
ဟိုဖက်ဒီဖက်
သတ္တိရှိပါ့ဆို
ဒုက္ခသည်တွေ ထွက်မလာဘူး
စစ်ဆိုတဲ့အပုပ်ကောင်
သူတို့မို့လို့
  ဆေးစိမ်ထားတယ်
မုန်းပါပြီ ဒီစစ်
မကြားဝံ့ပြီ ဒီစစ်
လက်နက်တွေ ကျည်မထွက်အောင်
တားနိုင်သူ အမှန်ရှိမှ
ငါ ယုံမယ်
  ငြိမ်းချမ်းရေး အစစ်....။

No comments: