Friday, October 31, 2014

အလွမ်းမနက်ခင်း

 
လေညှင်းတစ်သွေ့
ဖမ်းဆုပ်လိုက်တိုင်း
လွမ်းမိတယ်ချစ်သူ
  လေနုတစ်ချက်
တိုးဝှေ့လိုက်တိုင်း
လွမ်းရတယ်ချစ်သူ
မနက်ခင်း တွေ
စိုက်ပျိုးရင်း
အလွမ်းတွေ မြေသြဇာထည့်
တမ်းတခြင်းတွေ
ရှင်သန်လာတော့
အမြစ်တွယ်နေတဲ့
အချစ်တွေ ကို
သံယောဇဉ်
အကိုင်းခက်

ဝေဖြာထွက်ဖို့
သံသယပေါင်းပင်
ဖယ်ထုတ်ရှင်းလင်း
သစ္စာအပင်အောက်
မနက်ခင်းများစွာရောက် ဖို့
  စောင့်စားရင်း
ပျိုးနေဆဲ မှာ
မနက် တွေ အတော်စုမိခဲ့ပြီ လေ...။

No comments: