Friday, October 31, 2014

သို့ပေမယိ့





 မလာပါနဲ့
ငါ့ကမ္ဘာနက်
မဟူရာထက်
  မှောင်မဲ လွန်းပါတယ်


မဆိုပါနဲ့
ချစ်သီချင်းဖွဲ့
ငါ့ ရင်မှာမနွဲ့
ရမ်းရင့် လွန်း ပါတယ်


မယုံပါနဲ့
မူယာဖွဲ့
ငါ့စကားသက်သက်
မုသားကဲ
အချို မဲ့ လွန်းပါတယ်


မငိုပါနဲ့
ငါ မလိုလည်း
  ပြို လဲမယ့်ရင်
  ဖေးကူကြင်မယ့်
ရင်ခွင်နန်းသစ်
မင်းတွက် စစ်
အရံအသင့် ပေါလွန်းပါတယ်....

  
မလာဖို့တား
မဆိုဖို့များ
မချစ်ဖို့သနား
မချွေဖို့စကား

ပြောထားပေမယ့်
ခွန်းဆင့်နေခက်
ချစ်လို့ကြင်နာ
ပစ်မခွာမရှောင်တိမ်း
  ရောင်ယိမ်းလို့မစိမ်း သူ
ချစ်သူအ ဖြစ်နဲ့
အသက်ကိုနှင်းအပ်
ဘ၀ကို ပေးဆပ်
ချစ်ပရစေ ဆိုသလား
ခွန်းတုံ့ခြွေခက်
ဘယ်လိုဖြေရက်
အနေခက်ပြီ ကော ချစ်သူ....။

No comments: