Wednesday, October 8, 2014

လ မနွမ်းခင်




 ချစ်သူ ရယ်
မရှိလေတော့
လ... ကိုလေ
စစ်ကူ မခေါ် ချင်ပေါ့
လ ရောင်ဖြာ
ညအရောင်မှာ
  စောင့်မျှော် ကာ
မှိုင်ငေး ပေမယ့်
လ သာသာ
ထွန်းကာတင့်ပါ ရဲ့
ကွက်ကာလေ
တိမ် ကြား ခိုပုန်းတယ်
ကိုယ့်ရင် တစ်နေရာစာ
လရိပ် ဖြန်းတဲ့
ည အရိပ် လမ်းမှာ
စမ်းတစ်ဝါးဝါး
ကိုယ် အလျှောက်
အချစ် ဘယ်ပျောက်နေလဲကွယ်
  ဝေဟင်မိုးမြင့်မှာ
နက္ခတ်အစုံ
  ခြံ ရံ မြူးတဲ့
  ငွေ သော်တာ
အပျော်ကျူးချိန်
ပွင့်လွှာ ချ ပ်

တိမ် တစ်ထပ် နဲ့
လ ရောင်ကို
  ဘောင်ကွပ် မသတ်မှတ်ခင်
ဆန်း သော်တာ
  အေး ရိပ် ချ မ်း မှာ
ရင်ခွင် နန်း ဆီ
ကွန်း ခို မြန်းဖို့
လှမ်း လာ ခဲ့ ပေါ့ ...အမှီ...။

2 comments:

မဒမ်ကိုး said...

လကိုသေချာမခံစားရတာကြာပြီ

Unknown said...

thanks alot