Saturday, October 11, 2014

မူရင်းနှလုံးသား




ဟန်မပါပဲ
တစ်ခဏလေး နေချင်တယ်
ဟန်မ နှောပဲ
တစ်ခဏလေး သော ချင်တယ်
ဟန် မသုံးပဲ
တစ်ခဏလေး ပြုံး နေချင်တယ်
ဟန် တွေကြား
  နေဖန်များ
ကျင့်သားတွေရ
  နေသား တွေကျ
မူရင်းနဲ့ မိတ္တူ
ကွဲလွဲ စွာ ကူးချ
မျက်နှာဖုံးများနဲ့ဘဝ
တစ်နေ့လုံး သုံးစားမရ
ငါ ဟာ
တစ်ကယ်တော့

ကော်ပီ များနဲ့ လှ
မူရင်းမရှိသောဘဝ
ဟန် စားသုံး ရင်း
မာန်သုဉ်း ပြီလား
  သေခြာပြန် ကြည့်မှ
မူရင်း သုံးတဲ့
ငါ့ နှလုံးသား က
ရိုးသားစွာ ပြုံး ပြ...။

No comments: