Wednesday, October 8, 2014

စာမဲ့ ကမ္ဘာ




အချစ် အကြောင်းလေး
တစ်ကြောင်း လောက် ရေးသွားပါ
လွမ်းကြောင်းလေး အပါ
တစ်လုံး လောက်ဖြစ်ဖြစ် ရေးခြစ်သွား ပေးပါ
တမ်းတ တဲ့ အကြောင်း
သိသလောက် လေး ပြော
ချစ်သမျှ အကုန် ပြော ပေးပါ
ဒီတစ်ည မှာ
လိုအပ်နေတဲ့
စကားလုံးမဲ့သော ကမ္ဘာ
အချစ် အပြုံးများ
အမှန်တစ်ကယ်
လို အပ်နေလို့ပါ
သူသိသော
အရိပ်မဲ့ ကွန်းခိုရာ
ရင်တစ်စုံ နဲ့
အုပ်မိုး ခိုခွင့် ပါ
ဒီတစ်ည
အမှန် လိုအပ်နေလို့ပါ
စကားလုံးများ ယူဆောင်လာပေးပါ
အသံကင်းမဲ့
စာမဲ့ ....ကိုယ့်ကမ္ဘာ...။

No comments: