Wednesday, October 8, 2014

လမင်း သို့



လွမ်းစရာတွေ
သိမ်းခေါက်လို့
အပီပြင်ထိုင်ငေး တဲ့
ဒီညလေးမှာ
လ ကလေး လှနေလိုက်တာ
ဘယ်ဆီ မှာ မသိတဲ့
အလွမ်းအခါးတွေကို
သကြားရောမွှေလို့
အယောင်မဆောင်ချင်တော့တဲ့အခါ
ငါ့ ရဲ့ည
အလွမ်းတစ်ပုဒ် မရှိ
အခါး မသိတော့အောင်
ချို မြိန်ခြင်းတစ်ချို့ တစ်လေ
လ မင်း ဆီပို့လွှတ်လို့
  မျှော်လင့်ခြင်း လရောင်ကို
ထိုင်ကောက်နေမိတာ
ရင်တစ်ခုလုံး ပြည့်လုပြီ
လွမ်းခြင်း မရှိ
တမ်းတခြင်း မရှိ
အချစ် မလိုသော

တစ်ည တာ
လ ရောင် အောက်မှာ
ကိုယ် ရှာမိ သော ကမ္ဘာ
အချစ် နဲ့ခဏ
ဧရိယာ ပြင်ပ မှာ..
ရင်ခုန်သံ လိုင်း တွေ

ဖြတ် တောက်ထား ပေး ပါ.....။

No comments: