Friday, October 31, 2014

သို့ .... ဒီဇင်ဘာ

 
 အမေအို
လွမ်းလို့နေမလား
အိမ်ပြန်မယ့်ရက်
ဒီဇင်ဘာ
နီးသထက်နီး
လွမ်းချ င်း များညည်း
ဟိုးအဝေးက
  နှင်းမှုန်ဖွေးမှာ
လွမ်းရက်ရှည်ကြာ
အိမ်ပြန်ရမယ့်တစ်ခါ
ဒီဇင်ဘာ
  မျှော်လင့်ရ
  စောင့်ရ အခါခါ
ခါတစ်ကျော့ပြန်ရောက်ခဲ့တာ
စိတ်ပူ တဲ့ပုံရိပ်
  မေမေ့ နှုတ်စကား
  တောင်းဆုသံကြား
လွမ်းမျက်ရည်ကျ ခဲ့မိတာ
တမ်းတပျော်
လွမ်းရသောဒီဇင်ဘာ
ဒီတစ်ခါ
အိမ်ပြန်လမ်း
  အေးချမ်းမှုများ
  ဆောင်နှင်းပေးအပ်
  ဆောင်းနှင်းစက်များ နဲ့...ချစ် ရ သော ဒီဇင်ဘာ..။

1 comment:

စံပယ်ချို said...

ဒီဇင်ဘာ အိမ်အပြန်လမ်း ချမ်းမြေ့ပါစေလို့
လင့်လေးပါချိပ်ထားလိုက်ပြီ