Tuesday, January 20, 2015

လှောင်ချို င့်စံ ငှက်ငယ်





သံသယအတွေးတွေ
ရင်တစ်ခုရဲ့အဝေးမှာ
ဖယ်ထားချင်ပါရဲ့
ဒါပေမယ့် လေ
အသိတစ်ခုမှာ
အချစ်ရှိတဲ့နေရာက
ချောင်တစ်ခုမှာလား
အမှောင်ထုထဲမှာလား
ပျံသန်းလာဖို့တွက်
အင်အားတွေချို့တဲ့နေပြီချစ်သူ
စိတ်ကူးတွေ အတောင်တပ်
အချစ်ကိုဖွေရှာမရပ်ခဲ့ပေမယ့်
အလွမ်းတွေ
တောင်ပံခတ်
မင်းမသိတဲ့ ဝေဟင်အရပ်ကို
တိတ်တဆိတ် ပျံသန်းလာတာ
မိုင်တိုင်တွေ အတော်ခြားခဲ့ပြီပဲ
တစ်ကယ်ဆို
ပဲ့ကြွေကျန်ခဲ့တဲ့
အသဲပွန်းပဲ့ သောအရပ်မှာ
သံသယတွေအထပ်ထပ်နဲ့
နှလုံးသားအကျ ဉ်းစံသမားဘဝ
အပြစ်ဆိုစကားတွေဖွဲ့
ကိုယ့်ကိုယ်မှမသနားလေရက်တယ်
လှည့်ပြန်သွားမှ
တစ်ချက်ပြန်နားဖို့တွက်
ကိုယ့်အတောင်တွေ
တွန်းကန်အားနွဲ့
ရုန်းထွက်ရန်ခက်ပြီကော
လှောင်ချှိုင့်စံ ငှက်ငယ်...။

No comments: