Thursday, January 15, 2015

သားမုဆိုး



ဝမ်းရေးတွက်
ချမ်းအေးရက်
မိုးသောက်မနက်
နိုးထခဲ့ပြန်
ပုဆိုးတို
ခါးထက္လ် ဳိ
ဘယ္မမူတဲ့
ဟေမာန်ထုကို
အနွေးတစ်ထည်
ကိုယ်ထက်မလွှမ်း
လယ်ကွက်စခန်း
မြက်ကြမ်းကြမ်းပေါ်
ရေခဲလမ်းတစ်မျှ
လင်းရောင်ပျ ပျ
နှင်းမှုံခ မှာ
နဖူးထက်တင်
လက်နှိပ်ဆင်ကာ
အမှောင်သူရှင်း
ကန်သင်းအရင်း
ဟိုမှာ ဒီရောက်
ကြွက်ထောင်ချောက်
လှည့်ကင်းထောက်တဲ့
စစ်သူကြီးတစ်ယောက်
ရန်သူသက်ဆင်း
ထောင်ချောက်ခံတွင်း
အာရုဏ်မရောက်
မိုးမသောက်မှာ
သားကောင်ကိုင်ဖြုတ်
ဝမ်းတစ်ထုပ်ကို
သူ့သက်နဲ့လဲ
မြွေ ၊ကင်း၊ ရန်လည်း
ဂရုဟန်မပြု
အလျင်မြန်မြန်းသုတ်
ဝမ်းဝမယ့်အလုပ်
ဖြေရှင်း ရန်ပါ့
လယ်ကွက်စခန်းမှ
မာန်အပါ
လှမ်း( မြန်း) သွားတဲ့
သားမုဆိုး လေ လား....။

No comments: