Thursday, January 15, 2015

နှစ်သစ် ဆုတောင်း



ပျော်ပါစေသား
သူငယ်ချင်းများ
နှစ်သစ်ဒီချိန်မှာ
အားလုံးအားလုံး
ကြို ဆိုစို့
မင်္ဂလာနှစ်သစ်ကို
သူသူငါငါ
လူတကာ
လန်းရွှင်မြူးဖို့ရာ
စိတ်ဟောင်းစိတ်ဆွေး
ပယ်ကာထွေး
ဖြူ စင်စိတ်မွေးပါ
ကျန်ကာချန်ထား
မလိုစိတ်များ
ဒီနှစ်ဟောင်းထဲမှာ
လူသစ်စိတ်သစ်
အနာဂါတ်သစ်
မင်္ဂလာနှစ်မြတ်မှာ
ကိုယ်စိတ်နှစ်ပါး
ရွှင်ကြည်သား
ဆုခြွေမွန်ပြု
ဒီနှစ်သစ်ကူးမှာ...။

No comments: