Thursday, January 15, 2015

နှင်းပျောက် မိုး



ဟေမာန်တဲ့လား
ဝသန်ပဲလား
နှင်းပျောက်မိုးရွာ
ချမ်းစိမ့်ခြင်းမှာ
ဟေမာန်အအေး
စွေပြန်မိုး ပြေး
ဥတုရာသီ
ဖောက်လွှဲ တစ်လီ
မိုးရောနှင်းမျော
ဆောင်းနှောကာပေါ့
တုန်ရီမှေးစက်
ခြုံထည်နွေးထဲ
နှင်းဖြောက်မကြား
ဆောင်းဧည့်မိုးဖြာ
ကွေးသူမနွေး
နှစ်ရာသီအအေး
ခြင်ဆီအသွေး
ဘ၀င်ထိအေးတဲ့
ဟေမာန်သူခိုး
ဝသန်မိုးရယ်
ဘယ်တော့တိတ်မှာလဲ....။

No comments: