Thursday, January 15, 2015

နှင်းဆီ



ဆူးခက်ဝေ
ခူးခက်လေ သော
ပွင့်ဖတ်အသွေဆင်းနီ
တစ်ပွင့်တစ်ထပ်
ပွင့်ခြပ်လွှာမှာ
ကတ္တီပါ နုထွေး
နီခြယ် ဆေးရေး
ဆင်းသွေး နီလာ
ပွင့်ထပ်ညီစွာ
ဆူးခက်ကာထူး
ပွင့်ခြေ ဦးမှာ
လှရက် ကြူး
ဆူးဆိပ် မူး
ထူးဆင့်တယ်
ခူးချင့်သဖွယ်
ဆူးနစ်မယ်ဆိုးပါရက်
ရနံ့ ပြည့် နှင်းဆီ..။

No comments: