Saturday, January 24, 2015

ရင်ခွင်တော်ထက် မှေးစက်ပျော်ပါစေ



တဏှာမီးလား
ရတက်မီးပွား
လူမဆန်လုပ်ရပ်မှား
အမျိုးကောင်းပန်းနှစ်ပွင့်
ပျက်ကြွေလွင့်ကာ
သွားလေသူ ရင်ပူမီး
ကိုယ်တော်မြင်ကြည့်ပေးပါ
အလိုတော်လို့မဆိုသာသမို့
ဘယ်လို ဖြေ ဖျောက်
မပြေပျောက်နိုင်သော ဝေဒနာ
ချစ်ခြင်းကြင်နာ
ကင်းကွာလူသား
ကိုယ်တော်ရှင်းပြပေးလှည့်ပါ
မတရားသူရဲ့တိုက်တွန်းရာမဟုတ်
လူဆိုးလမ်းမှာ မလျှောက်
မထီမဲ့မြင်ပြု နေရာမမည်သော
အငယ်ဆုံးသောသူတို့ရဲ့တစ်နေရာ
ဆာလောင်ငိုကြွေး
ဒုက္ခဘေးမှ
ကူကယ်မစ
စေလိုရာအတိုင်း
ညွှန်ပြလျှောက်လိုက်
ဖြစ်ချင်းမလှ
သူတို့ဘဝ
ရင်နှစ်ဆပူမီး
ကိုယ်တော်ရဲ့ချစ်ခြင်း
ဘယ်ကိုများပျောက်ပြီလဲအဖြေရှာ
ဘုရားသားသမီးတွေ ပဲလား
အပြစ်သားတွေ လို့ပြောမှာလား

  ဖြေတွေး နှစ်သိမ့်
ဘယ်လိုနှလုံးသားနဲ့
ခွင့်လွှတ်ပေးနိုင်မလဲ... သခင်.ပြောပါ.
နာကျင်မှု ရဲ့ အဆုံးနိဂုဏ်း
ကိုယ်တော်ဘယ်လိုရှင်းပြအုံးမှာလဲ
အဖြေတစ်ခုတွက်
ရင်ထုမတတ်
သူတို့နှစ်ဦးတွက်
အဖြစ်မှန်တစ်ရပ်
စစ်မှန်ဖော်ထုတ်
မတရားမှု အကျိုး
ညိုးခြေ (ပြုတ်ကြွေ ) မွှန်းဖဲ့
ပန်းကောင်းနှစ်ပွင့်တွက်
တရားမျှ တခွင့် ရှာပေးလှည့် ပါ သခင်....


No comments: