Sunday, January 18, 2015

ဖေဖေ သို့






သမီးရဲ့မျက်နှာကိုနှုတ်မဟပဲ ဖော်ပြတတ်တဲ့ဖေဖေ
သမီးရဲ့ နာကျင်မှု တွေကို အမူယာ မပြု ပါပဲ
ရင်ထဲထိထိုးဖောက်မြင်နိုင်စွမ်းရှိတဲ့ ဖေဖေ
အချစ်ရေးမှာ သမီးသိပ်ပင်ပန်းနေလားတဲ့
ရိုးရိုးလေးနဲ့တိုးတိုးလေးမေးတဲ့ဖေဖေ့စကားသံ
အပြုံးနဲ့တုန့်ပြန်ပေမယ့် နှစ်သိမ့်ဖို့အားယူ
သမီးကို ပြုံးစေချင်တဲ့ဖေဖေ..


အိမ်အပြန်ခရီးမှာ သမီးအပြုံးတွေကိုရေတွက်ဖို့
အပြုံးပါးပါးလေးနဲ့သတိထားကြည့်ရှုနေတဲ့ဖေဖေ
ငိုနေပေမယ့် ရင်မစိုစေနဲ့သမီးရယ်တဲ့
နာကျင်နေပေမယ့် ပြန်ထ ကြည့်ပါအုံးသမီးရယ်တဲ့
အငိုမရပ်ချင်လည်း အပြုံးတွေကိုသပ်သပ်သိမ်းထားပါအုံးနော်တဲ့
အဖေ့ ချစ်သမီး တွက်ဂုဏ်ယူ ပြုံးဖို့ သမီးအားတွေ မယုတ်စေနဲ့အုံးလေ တဲ့
ယောင်ချာချာ ကွေ့ကာပိုက်...သွယ်ဝိုက်ပြောတဲ့စကားလုံးတွေကို
အစမဖော်ပဲ အမြဲလိုနားလည်နေတတ်တဲ့ ဖေဖေ...


အနားမှာမရှိပေမယ့် ဆုတောင်းသံတစ်ခုနဲ့
အားပေးသမူပြု နေတဲ့ ဖေဖေ
အမည်မဖော်ပြတဲ့ဝေဒနာတွေကို
ဘာသာပြန်စရာမလိုတဲ့မျက်ဝန်းတွေက
နာကျင်မှု အတိမ်နက်တွေ အလိုလိုချိန်စက်သိစေခဲ့မိလို့
ခွင့်လွှတ်ဖို့ ပြောချင်လျက်
ထိန်းမရတဲ့အမူယာကြောင့် အဖေ့ရှေ့မှာ ခြွေချ မိတဲ့မျက်ရည်တွေကို
ပြန်ရုပ်သိမ်းလို့ ရင်မစိုအောင်ဆုံးဖြတ်... နောက်တစ်ခါထပ်မငိုတော့ပါဘူး ဖေဖေ...
သမီး ဘယ်တော့မှ.............။

No comments: