Thursday, January 15, 2015

အလွမ်း ကော်ဖီ



ကော်ဖီတစ်ခွက်
ဆောင်းတစ်စက်
နှင်းငွေ့ထုံအီ
တုန်ဝေရီ
ဒီမနက်
နွေးသောက်ခဲ့ပြီ
အလွမ်းရောမွှေ
အခါးလျော့လေလား
ဟေမာန်ပြင်းရှ
နှင်းခတ်ထားတဲ့
ဆောင်းမနက်ရဲ့
အထီးကျန်ကော်ဖီ
နှင်းသောက်လေရော့
အနွေးပေါ့
အေးစက်ဟောင်းနွမ်း
ဆောင်းလက်ကျန်အလွမ်း
ပြောင်းရက်ပြန်တစ်ခန်း
နှင်းစက်ဝေ
ချစ်ရက်ကြွေ
အနှစ်မဲ့ ချစ်စကား
ပြောအုံးမှာလား
အချို ပေါ့ ကော်ဖီ
အချစ်လျော့ ပြီထင်
ထပ်တစ်ခါ နွေး
ဘယ်မအေး ဒီရင်...။

No comments: