Saturday, January 24, 2015

ပညတ်တော် အောက်မှာ



အသက်ရှင်သော
သမ္မာတရား
သိုမှီးနှလုံးသားမှာ
ဆင်ခြင်လိုက်လျောက်
အသက်တာတစ်လျှောက်
ပညတ်တော်အောက်မှာ
ခက်ခဲခြင်းရဲ့နေ့များကြား
ရှင်သန်လှုပ်ရှားခါ
စာတန်တန်ခိုး
လွန်စွာတိုး
လှုပ်နှိုး သွေးဆောင်ရာ
အပြစ်တရားအခ
သေခြင်းတရား
လွှဲရှောင်လို့မရတာ
ပညတ်တော်ဖြင့်
အသက်ရှင်ခြင်း
စစ်မှန်ခြင်းလမ်းမှာ
စိတ်လိုဆန္ဒ
ချုပ်တည်းထား
ငြိမ်သက်ခြင်းများစွာ
သစ္စာရှိသောငယ်သားကောင်း
ကိုယ်တော်ပေးသနားရာ
ပိုင်ဆိုင်ဆုလဘ်
အလွန်အဖိုးထိုက်
ထာဝရအသက်မြတ် ပါ....။

No comments: