Thursday, January 15, 2015

သို့ ..... မောင်



ကျမကို စွန့်ပယ်ထားဖို့
တမင်ဖြေရှင်းပြစရာ
ဘယ်လိုအကြောင်းများ
ရှိနေသေးလဲ မောင်
အချိန်တွေအလီလီပြောင်းလဲ
အချစ်မရှိဟောင်းခဲ့ချိန်တွေ
ကျ မရင်မှာ
မထူးဇာတ်ခင်းဖို့
အချစ်လို့လဲ မသတ်မှတ်ခဲ့ပါဘူးလေ
ချစ်ဖူးသူက
အသစ်တစ်ဦးလို ဖြစ်ခဲ့တဲ့ ကျ မ ရင်မှာ
မနေ့ကလိုအချစ်မျိုးတွေ
ဘယ်နေ့မှရောက်မလာမယ့်အတူ
မောင့်ကိုတစ်ခါ တမ်းတရင်
ရင်တစ်ခါ ခမ်းသွားတဲ့
နှလုံးသွေးတွေ ကို
အမုန်းကြွေး တွေတွက်
ထပ်မဖြည့်ချင်တော့လို့
ကျမ ကို ထပ်တစ်ခါ
နောက်ဖို့တွက်
နှလုံးသားအပိုမရှိတော့တာ
မောင် တစ်ယောက် သိနားလည်ရင်သာ...။

No comments: