Saturday, January 24, 2015

ယုံ



လှည့်စားခြင်းတွေနဲ့
နေသားကျ နေသူလား
လေတိုက်တိုင်းလွင့်ပါတဲ့
သစ်ရွက်လိုချစ်သူလား
တယုတယခူးပြီးမှ
ခပ်နာနာခြွေဖျက်သွားဖို့
အားအင်တွေရှိနေသူလား
မသိပါရစေနဲ့
ပြောမပြပါနဲ့
အနမ်းတစ်စုံနဲ့
အလွမ်း တစ်ဖုံပေးပြီး
ဝေဒနာဆေးခါးတွေ
မညှာမတာပေးသွားရက်သူ
နာကျင်တဲ့အသဲက
တမင်မငိုတာသိပေမယ့်
တစ်ကယ်တော့
ကိုယ်ဟာလေ
လှည့်စားခြင်းဆိုတာတွေနဲ့
အကျွမ်းတ၀င်ရှိဖူးသူပါ
အရိပ်ပြလို့အကောင်မထင်
နုံအအ ပုံပြင်တွေ ကို
တစ်မှေးအိပ်ဖို့
ယုံ , ယုံ လေးပြောပြသွားတာ
အိပ်ပျက်ခြင်းတွေထဲမှာ
မှေးပျော်မိသူ ပါ
ပုံပြင်တွေနဲ့အထာကျ 

 သဘာကြီးတစ်ယောက်ကိုမှ
အယုံလွန်မိသွားတဲ့သူ
ဒဏ်ခတ်လို့အပြစ်ပေး
ကိုယ်....
အချစ်ဆိုတာရဲ့ အဝေးမှာ
ဆိတ်ဆိတ်လေး နေရစ်ဖို့
ထပ်တစ်ခါ
လာမရစ်ပါနဲ့
တောင်းပန် တယ်...။

No comments: