Thursday, January 15, 2015

ဆောင်း အတိတ်



အနမ်းမဲ့စခန်းက
မြန်းခဲ့လှမ်းပေမယ့်
အလွမ်းသက်သက်
ပန်းခဲ့ပြီကော
ဆောင်းခရီးသည်
အချစ်မဲ့
ပြောင်းရက်တွေထဲ
အတိတ်ရဲ့ဆောင်းမနက်တွေလည်း
ခါးသက်ဟောင်းခဲ့ပြီပဲလေ
နှင်းဆန်းလမ်းမှာ
ချစ်ရက်တစ်ခါထည့်
အတိတ်အသစ်လို
ကြိတ်ချစ်နေချင်ပေမယ့်
ဆောင်းနိမိတ်
လောင်းရိပ်ကျ
နှင်းမေ့သွားတဲ့
ချစ်ရက်များ ဘယ်ဆီမှာ....။

No comments: