Thursday, January 15, 2015

ဆရာ ကျ သော



သူနဲ့ကျမ
အမြင်ချင်းမမျှ
ချင်ခြင်းတ, စရာမရှိ
သူ ပြောသမျှ
တိမ်အမြင့်မှ
မိုးပြို ကျ မလား သတိ
တစ်ကယ် သုံးသမျှ
စကားလုံးက
နိုင်ငံမှား သလောက်ဖြစ်
သူဖတ်သမျှ
သူမှတ်သမျှ
ပေါ်တင်ကြွားဖို့အသင့်
သူနဲ့ကျမ
တစ်ကယ်ညှိမရ
ဆရာကျလွန်းတဲ့ အဖြစ်
တော်လွန်းမက
တတ်လွန်းသမျှ
ကျမအမှားချည်းပဲထိ
ဘာဆိုလို
ဘာကိုဆို
အလိုက်သင့်
ခေါင်းညိတ်ဖြစ်
ငြင်းပြန်ကျ
တင်းမာန်ပြ
သူ့သဘောအမြဲ
အလိုက်သင့်
တော်ပါတော့
တန်ပါရော့
ကိုယ့်ကိုယ်ကိုမှန်းမသိ
သူ့သဘောကျ
ဟန်လုပ်ပြ
သူ့စိတ်နဲ့ကိုယ်ဖြစ်
သူသုံးသမျှ
စကားလုံးကြား
့တစ်ကယ်သုံးမရဖြစ်
ထင်ပေါ်သမျှ
စင်ပေါ်က
ဟိုး....အဝေး ခဏ
ခပ်မြန်မြန် ကြွ  ..လှိမ့်...။

No comments: