Sunday, January 18, 2015

ကျ မ ချစ်သော အမေစု



ဘယ်အချိန် ဘယ်လိုကြည့်
အလှတွေ စုနေတဲ့
ကျ မရဲ့ အမေစု
ဘယ်လိုဆင်ဘယ်လိုဝတ်
ရှုတိုင်းယဉ်
ဆင်တိုင်းတင့်တဲ့
ကျ မ ချစ်တဲ့ အမေစု
တိုင်းရင်းသူစစ်
ပိုးဗမာယှဉ်ဝတ်
ဘယ်သူတင့်မလဲ
ယှဉ်ပြိုင်ကာပြော
ပြည်မြန်မာမိခင်
ကျမ ချစ်တဲ့အမေအကြောင်း
ဆုချွေကာတောင်း
အလှတွေ
အစဉ်မဟောင်း
တင့်ပါစေကြောင်း
ဘ၀လမ်းတစ်သက်
တိုင်းပြည်တွက် တဲ့
အသက်ကိုမငှဲ့
ပေးဆပ်စွန့်စား
အမေ့ရဲ့အား
အမေ့စိတ်ထား
ဂုဏ်ယူလေးစား
နေ့ရက်များစွာ
အမေ့ ဆံထက်
မြတ်နိုးခြင်းနဲ့
ပန်ဆင်ပန်းအလှ
မွှေးအစဉ် မြ
စိတ်ဘ၀င်လန်းကြွ
တောင်းဆုတစ်ခု
တိုင်းရင်းသူ ဆု
တိုင်းပြည်တစ်ခုရဲ့အမေ
ဆွတ်ခူး ပိုင်သ
ကျမ ရင်ထဲမှ
တိတ်တဆိတ်ပေးအပ်
မြတ်နိုးခြင်း နဲ့
အမေ့ဘ၀ လမ်း
ရှေ့ဆက်မြန်းမှာ
အေးချမ်း လှပနိုင်ပါစေ...။

No comments: