Thursday, January 15, 2015

အိမ်မက် မှ


အဖန်ဖန်ပြိုလဲ
စိတ်ဓာတ်တွေနဲ့
အခါခါယိုင်လဲ
မျှော်လင့်ချက်တွေလည်း
ဘယ်ဆီပြေးထွက်
နားခိုအေးစက်
ချွေးသိပ်မဲ့အရိပ်တစ်ခုရဲ့
ထွေးပွေ့ယုယ
ညင်သာမယ့်အငွေ့သက်
တစ်ခါပြန်ရဖို့
ယုံကြည်ချက်တွေထည့်
အနာဂါတ်ဆိုတာနဲ့
လက်ရှိဘ၀တစ်ခုရဲ့
အချိုး ကျ ဖို့
ရိုးသားမှုများစွာလည်း
အချိုးညီမျှ
သမာသမတ်ကျဖို့တွက်
လောကဒဏ်နဲ့
စိန်ခေါ်ပြိုင်ရင်းနွှဲ
အိမ်မက်တစ်ခု
ရှင်သန် နိုးထ
အိပ်မောကျ ချိန်တွေ ထဲ..။


No comments: