Saturday, January 24, 2015

ကျ မ အခု



ချစ်သူကိုတွေ့ရင်
ကျ မကိုယ်စားပြောပေးပါ
အလွမ်းများများထည့်သွားတဲ့
အချစ်ခါး ကော်ဖီတစ်ခွက်
ဆက်မသောက်ချင်တဲ့အကြောင်း
လှောင်ပြုံး တွေနဲ့
ကြောင်တောင်တောင်အသုံးနှုန်းတွေ
ဒီမှာတင်ရပ်လို့
ကြင်နာသူ အဖြစ်ပြတ်စဲ ပေးပါ လို့...
ကျ မ... အခု
စိတ်ကူးကော်ဖီတစ်ခွက်ကို
အချစ်သကြားတွေရောမွှေထည့်လို့
အလွမ်းမပါကော်ဖီတစ်ခွက်
ဖျော် သောက်ဖို့ပြင်နေတဲ့ အတွက်
တစ်ခါတစ်ခါမှ
ယောင်လည်လည် လှည့်ပြန်လာတဲ့
ဆောင်းသဏ္ဍာန်
နှင်းဆန်သွားတဲ့
အနွေးမဲ့ကော်ဖီ တွေ
ကျ မ ရင်မှာအေးခဲ ပြီ ဆိုတာလေး
သူသိအောင်ပြောလို့ ပေးပါ
ကျ မ..... အခု
ကော်ဖီစစ်တစ်ခွက်
အကြင်နာသကြားထည့်
အချစ်တွေနဲ့ရောမွှေနေတယ်...လို့...။

No comments: