Thursday, January 15, 2015

မနွေးချင်သော ဆောင်း



ဝန်မမျှတဲ့
ခံစားချက် အမှားတွေကို
သယ်ပိုးထုပ်ဆောင်ရင်း
ကိုယ့်ခရီးက
ဟောင်းနွမ်းခြင်းတွေထဲမှာပဲ
တစ်ဝဲ၀ဲလည်
အသစ်အသစ်သော
အချစ်မရှိသောတစ်နယ် ကို
ခရီးကျွံချင်ပေမယ့်
နယ်လွန်အတွေးက
အဆွေးတွေသာ
ဘယ်မှာလဲ
အလွမ်းရယ်
ဘယ်မှာလဲ
အချစ်ဆိုတာရယ်
တစ်ကယ်ဆို
တစ်ထောက်နားပေမယ့်
ပျောက်မသွားတဲ့
ဒဏ်ရာခရီး က
မိုင်တိုင်တွေ ဆွဲဆန့်နေရော့လား
မောပန်းရက်ရှည်
လွမ်းရက်သေ အောင်
ဝေဒနာတွေ
မြေမြုပ်ချင် ပေမယ့်
အချစ်မရှိတဲ့ဆောင်းကို
အပြစ်မဲ့ တစ်ခေါက်ပြန်ပြောင်း
ဆွေးခဲ့ကြောင်းတွေ ထည့်
မနွေးချင်သူရဲ့ ခရီး
ဘယ်လို အေးလို့
ဆောင်းပျောက်တော့မှာလဲ.. လေ.....။

No comments: