Sunday, January 18, 2015

ပြုံး

 
ဆုံးရှုံးသမျှ
နှလုံးမလှလည်း
အပြုံးတစ်ချက်တော့
ရှိနေတယ်
နိုင်လိုမင်းထက်
ပြု ရက်ပေမယ့်
နှလုံးမပျ က်
အပြုံးဆက်
အပြုံးတစ်ချက် တော့
ရှိနေသေးတယ်
ဆပွားကြင်နာ
စေတနာထားလည်း
ပြန်လည်အပ်နှင်း
မျက်ရန်ကြွင်း မို့
အမောမပြေ
သောကပွေမယ့်
အပြုံး တစ်စက်
အမုန်းမပျက်
ပြုံးလျက် နေသေးတယ်
အတုံ့အလှည့်
ဆုံးသထက် တိုင်
မေတ္တာမနှင်း
ပြန်ချင်းကင်းတဲ့
တစ်ဖက်သတ်ဆန်
ပြု ရက်မှန်လည်း
ဒီရင်မှာသတ်
အမုန်း မျက်မာန်
အပြုံးမပျက်
ပြုံးလျက်ဟန်ထည့်
အပြုံးတစ်ပွင့်
အလျ င်းသင့်ခြွေ
နှလုံးသားဖြင့်
ပြုံ့းနေမိတယ် ( ပြုံးနေအုံးမယ် )..။

No comments: