Sunday, January 18, 2015

နှလုံးသား ဗိမ္မာန်





ကိုယ်တော်ရှိသော နေရာတစ်ခု
ဗိမ္မာန်တစ်ခုထဲမှာ
နေရာပေးမှား
လောကီကြား
ကိုယ်တော်ရှိရဲ့လား
အပေါ်ယံအချစ်
ဟန်ဆောင်အပြစ်
ကိုယ်တော်ကျိန်းစက်ရာ
ဘုံဗ္မိမာန်အတု
လောကီ ပြု
နေရာမှားယွင်းလာ
အရေခြုံ ဖုံးလွှမ်း
အသပြာစခန်း
ဗိမ္မာန်တော်နန်းမှာ
အသုံးချ ခံဒြပ်တစ်ခုလား
ခုတုံး လုပ်ကြတာ
ညစ်ထွေးရှုပ်ပွေ
လောကီ အစေ
ကိုယ်တော်နောက်လိုက်တွေ
မှားယွင်းနှလုံးသိုမှီးထုံး
တရားပျက် လုကာ
ကောင်းချီးများကို မျက်ကွယ်ပြု
ကိုယ်တော်မရှိသောနေရာ
ရှောင်ခွာ ပြေးမှာလား
ကျွန်ုပ်အနား
စိုးရွံ့ခြင်းနဲ့ရှာ
ကိုယ်တော်ကျိန်းဖို့
နေရာတစ်ခု
နှလုံးသား တစ်နေရာမှာ
ခိုဝင်နားဖို့
ပြင်ဆင်ယခု
ကိုယ်တော် ကျွန်ုပ်နှင့်
ကိန်းဝပ်တော်မူပါ...။

No comments: