Thursday, January 15, 2015

ဇာတ်ဆရာ သဘော



နှုတ်ဆိတ်ဆွံ့အိပ်
မှေးသိပ်ထားပေမယ့်
တစ်စွန်းတစ်စ ကြားတဲ့
သက်ဆိုင်သမျှတွေ
အတွေးပို
ဆွေးငိုခဲ့တဲ့
ဟိုးအရင်လို
မဟုတ်တော့ပေမယ့်
ကိုယ့်နားတွေ
ခေတ္တတစ်ဆိတ်
ဆွံ့ပိတ်နေချင်သေးတယ်
အလွမ်းအပိုမရှိတော့လို့
ကျွမ်းငိုနေမယ်လို့များ
သက်ဆိုင်သူကိုယ့်အပါး
လှမ်းဆိုကာ
ထပ်အပို
ကိုယ့်ရင်ကိုဖွ
သို့ပေမယ့်
ရာစုတစ်ခုရဲ့အား
အနည်ထိုင်စ ပြု
အသဲထုသိပ်သည်းဆ
အဆပိုမို
အခြေတစ်ခုခိုင်မြဲ စ
ဟိုးအရင်လို
လုပ်ဇာတ်ခင်းလေသမျှ
အသုံးတော်ခံ
အလွမ်းသမားတစ်ယောက်လိုများ
ဇာတ်ဆရာသဘော
အလိုကျ မ,က ချင်လှ
အတိတ်ဆိုတာ
အတိတ်မှာသိမ်းကာထား
အဖိုးတန်သော
ပုလဲတစ်စု
ပျက်ကြွေလု
နောက်တစ်ခါမမူ
ခြွေလင့်ချင်မယ့်စကား
ခပ်ခွာခွာ
ထပ်မပြောပါနဲ့ အနား...။

No comments: