Saturday, January 24, 2015

လည်လွန်းတဲ့ လောက



အမြဲလိုလို
နှုတ်ဆိတ်နေတတ်တဲ့အဖြစ်
အကျင့်တစ်ခု လိုသာ
အရာရာအလျော့ပေးတတ်တဲ့အကျင့်
အနိုင်လိုမှုတွေ ကြားမှာ
ရယ်စရာကို အဖြေရှာမိတဲ့ အဖြစ်
မျက်ရည်များ နဲ့ ကျွမ်းဝင်ခဲ့ သူ ပါ
ပေးဆပ်ဖို့တွက် တေးမှတ်မှု မရှိတဲ့
အသဲ နု သူ တစ်ဦး ပမာ
ခွင့်လွှတ်ခြင်းနဲ့ စွန့်လွတ်ခြင်း ရဲ့
အဖော်မွန်တစ်ဦးလေပဲလား
တွေဝေခြင်းများစွာ
အလျော့ပေးသမျှ
သီးခံ ရ မက
ပြုံးခဲ့ရ အခါခါ
တမင်ပြု သမျှ
သိလွန်းလှလည်း
ရှုး ချင် ယောင်
မသိချင်သယောင်
ပြု မိသေးပြန်တာ
လည်လွန်းတဲ့ လောက
အဖြေမရှာချင်သော ဘ၀ဒသန
ကိုယ်ကိုယ်တိုင် က
ခက်ခဲခြင်း တွေနဲ့စီးချင်းထိုး
အော်... အခုထိ မှ
မမောသေး( မပန်းသေး ) ပဲ... ကိုး....။

No comments: