Tuesday, January 20, 2015

ဒီတစ်ည





ချစ်သူ ရေ
ဒီည မှာ
အထီးကျန်တမ်းချင်းထဲက
ခွဲခွာခြင်းမပါတဲ့ တေးသွား
ကိုယ့်အတွက်ရည်ရွယ်လို့
တစ်ရက်စာအလွမ်းလေးပဲ ဖြစ်ဖြစ်
တစ်သက်စာ လွမ်းတေးပဲဖြစ်ဖြစ်
နားဆင်ခွင့်ရချင်တယ်
အရောင်ပြောင်းမြန်
ရင်ခုန်သံ ကာလာတွေ
မင်းနဲ့အတူ သုတ်ခြယ်နိုင်ဖို့
တေးတစ်ပုဒ်လိုနေတယ်
မွန်းကြပ်ခြင်းနဲ့ ငါ့ကမ္ဘာငယ်မှာ
ဝင်လာအလည်သွားတဲ့
နင့်တေးသွားတွေ
ငြိမ့်ညောင်းနေဆဲ
ချို မြဆဲ ပါ
ကတိစကားကြားရင်
နင်တစ်ခါ ပြေးထွက်သွားမယ့်
အချစ်မရှိသောနေရာကို
ငါ့ကိုအပါခေါ်သွားပါ
တမ်းတဆဲ နေ့ရက်တွေ
အချစ်မရှိ ပြောင်းရက်တွေ
နင်နဲ့အတူမေ့နိုင်ဖို့
အချစ်မပါ တေးသွား
တီးခတ်ဆို ပြ ဒီ တစ်ညစာ....။



No comments: